Tuesday, November 17, 2015

တန်ဆောင်တိုင် မုခ်ဦး

တန်ဆောင်တိုင် မုခ်ဦးဒီဇိုင်း Night Scene လေးပါ။ မုခ်ဦးဒီဇိုင်းကိုပဲ အဓိကထား Visiaulization လုပ်ထားတာပါ။ကျန်တဲ့ အပိုင်းတွေကတော့ အနည်းငယ်ပံ့ပိုးပေးထားသလောက်ပဲဖြည့်ထားပါတယ်။ ထပ်ဖြည့်မယ်ဆိုရင်တော့ အများကြီးထပ်ဖြည့်လို့ရသေးပါတယ်။Propotion နဲ့ Scale ကို အတတ်နိုင်ဆုံး ဖြစ်အောင်လုပ်ထားပါတယ်။ဒီပုံလေးမှာ Human Scale ထည့်ပြလိုက်ရင် မုခ်ဦးရဲ့  Scale ကို ပိုပြီးပေါ်လွင်စေနိုင်ပါတယ်။လမ်းအကျယ် ပေ ၂၀၊Platform ကတော့ ၈ပေအကျယ်ရှိပါတယ်။မြန်မာရိုး ရာပွဲတော်ဖြစ်တဲ့အတွက် ဒီဇိုင်းကို မြန်မာမှုပါတဲ့ ဒီဇိုင်းConcept ကို ဖန်တီးဒီဇိုင်းပြုလုပ်ထားပါတယ်။ဒီဇိုင်း ကို ရိုးရိုးရှင်းရှင်းပဲစဉ်းထားဖန်တီးထားပြီးတော့ Modern Style လေးအဖြစ်ဖန်တီးကြည့်လိုက်တော့ ရိုးရှင်းပေမယ့် မြန်မာ့အငွေ့အသက်လည်းပျောက်မသွားသလို ခမ်းနားမှုလေးကို မြင်တွေ့ရပါတယ်။ သီတင်းကျွတ်ပွဲတော်နဲ့ တန်ဆောင်တိုင်ပွဲတော်တွေမှာ ဆီမီးပူဇော်ခြင်း၊မီးပုံလွှတ်တင်ခြင်းတွေကို ပြုလုပ် ကြတဲ့ဓလေ့ကတော့ မြန်မာတို့ရဲ့ ချစ်စရာရိုးရာဓလေ့ပဲဖြစ်ပါတယ်။



Thursday, November 12, 2015

Bridge Between two building to connect



အဆောက်အဦနှစ်ခုကြားကို ပေါင်းကူးဆက်သွယ်ပေးတဲ့ တံတားဒီဇိုင်းလေးဖြစ်ပါတယ်။ တံတားငယ်ပေါ် မှာ လေးညှင်းခံခေတ္တအနားယူလို့ရသလို တစ်ဆောင်နှင့်တစ်ဆောင် ဆက်သွယ်သွားလာလို့ရတာပေါ့။

Thursday, October 29, 2015

ဒီဇိုင်းကပြောသော အကြောင်းအရာများ(၄)

Interior Design နှင့် ဒီဇိုင်နာ၏ကျင့်ဝတ်

    တကယ်တော့ ဒီဇိုင်နာရဲ့ကျင့်ဝတ်ဟာ တိုင်းသူပြည်သားတစ်ယောက်အနေနဲ့ပြောရင် နိုင်ငံသား တစ်ယောက် ရဲ့ကျင့်ဝတ်ပါပဲ။လူတစ်ယောက်အနေနဲ့ပြောရင် လူတစ်ယောက်ရဲ့ကျင့်ဝတ်ပဲ။သဘောချင်း သိပ်မကွာဘူး။ကျင့်ဝတ်ဆိုတာ လူတစ်ယောက်အနေနဲ့ဆိုရင် တခြားလူတွေထိခိုက်သွားမယ့်ဟာ မလုပ်သင့်ဘူးဆိုတာမျိုးပါပဲ။ ဒီဇိုင်နာကျတော့ သူ့ဒီဇိုင်းပရော်ဖက်ရှင်နယ်ကနေ စဉ်းစားသွားရတာပေါ့။ ကိုယ့်ဒီဇိုင်းကြောင့် ဘယ်သူ့ကိုမှ မထိခိုက်သွားစေရဘူးဆိုတာမျိုးပေါ့။ထူးထူးခြားခြားကျင့်ဝတ်ကတော့ ကိုယ်တတ်ကျွမ်းထားတဲ့အတတ်ပညာ၊အနုပညာနဲ့အလုပ်ရှင်ကို အစွမ်းကုန်ဝန်ဆောင်မှုပေးရမယ်ပေါ့။ဒါ ဟာ ကိုယ့်တာဝန်ပဲ။တခြားဝန်ဆောင်မှုနဲ့မတူတာကတော့ ကိုယ့်ဒီဇိုင်းနဲ့ သူ့ရဲ့လိုအပ်ချက်ကိုမ လျှော့ရ ဘူး။မချန်မထားရဘူးပေါ့။ပြီးတော့ တခြားပရော်ဖက်ရှင်နယ်ဒီဇိုင်နာကို စော်ကားထိခိုက်တာမျိုးမလုပ်ရ ဘူး။  ဈေးလျှော့ပေးပြီး အလုပ်လုတာမျိုး မလုပ်ရဘူး စသဖြင့်ပေါ့။

Interior Design နှင့် မြန်မာပြည်သူလူထု၏ ကြိုဆိုမှု

        ဒီလုပ်ငန်းက ၁၉၉၀ နောက်ပိုင်းမှာ Exposure ရှိလာကြတယ်။    လောလောဆယ်အနေအထားမှာ လည်း သည်ပညာရပ်၊ဘာသာရပ်ကို အသုံးချာတာများတာက ပိုက်ဆံတတ်နိုင်တဲ့ အသိုက်အ၀န်းက Exposure ပိုရှိလာကြတယ်ပေါ့။ ထိတွေတာများလာတော့ ပိုမြင်တတ်လာတယ်။ စဉ်းစားတတ် ခံစားတတ် လာကြတယ်။ဒါကလှတယ်။ဒါကတော့ ခမ်းနားတယ်၊ဒါကတော့ ပိုပြီးတော့ တင့်တယ်တယ် ဆိုတာမျိုးကို Exposure ရှိတဲ့သူတွေက မျာျးများပိုသိလာကြတာပေါ့။အဲဒီအခါ Trend တွေလည်း ပြောင်းလာကြတာပေါ့။
(ဓန အတွဲ(၁၄) အမှတ်(၇) ဗိသုကာဦးမော်လင်းနှင့်တွေ့ဆုံခြင်းမှ ဖော်ပြသည်) ဆက်လက်ဖော်ပြပါမည်။





Sunday, October 25, 2015

Interior Designer နှင့် ဒီဇီုင်းကပြောသော အကြောင်းအရာများ(3)

ကိုယ့်အိမ်၊ကိုယ့်အခန်းကိုပြင်ချင်တဲ့ အိမ်ရှင်တွေရဲ့အလုပ်ကိုလုပ်ပေးရတဲ့ Interior Designer ရဲ့ကဏ္ဍ

            အိမ်တစ်အိမ်၊အခန်းတစ်ခန်းဆိုရင်တော့ များသောအားဖြင့် အိမ်ရှင်ရဲ့အတ္တကိုထုဆစ်ပေးရတာပဲ။ သည်ကိစ္စမှာ Interior Design ဟာ အနုပညာပါတယ်ဆိုပေမယ့် ပန်းချီဆရာနဲ့မတူဘူး။ ပန်းချီဆရာက ကိုယ့်စိတ်ထဲမှာရှိတဲ့ ခံစားမှု၊စိတ်လှုပ်ရှားမှုတွေကို ခွဲဝေနိုင်တဲ့ဟာပေါ့။Interior Design ကတော့ အဲဒီလိုမ ရတော့ဘူး။ ဒီဇုင်နာဟာ အနုပညာတန်ဖိုးတစ်ခုရအောင် ခေါင်းဆောင်ပြီးလုပ်နေရပေမယ့် အလုပ်ရှင်ရဲ့ ခံ စားချက်၊လိုအပ်ချက်ကို ပုံဖော်ပေးရတာပဲ။ဒီဇိုင်နာဟာ သည်ပညာရပ်ကို ကျွမ်းကျင်သူ၊ခေါင်းဆောင်နေရသူ အနေနဲ့ သည် ဒီဇိုင်းက ဒီလိုဆိုကောင်းမယ်၊ သည်အရောင်နဲ့ သည်အရောင်လေးတွဲသုံးမယ်ဆိုပြီး အလုပ် ရှင်ကိုစည်းရုံးနေရတာပဲ။ဒါပေမယ့် ရချင်မှလည်းရမှာ။ဒါပေမယ့် အလုပ်ရှင်က ဒီဇိုင်နာပြောတဲ့အတိုင်းမ ဟုတ်ဘူး။ ဒါပဲဆိုလည်း ဇွတ်လုပ်လို့ငြင်းလို့မရဘူး။ဇွတ်လုပ်လို့မရဘူး။ဒါကလည်း ဒီဇိုင်နာတစ်ယောက်ရဲ့ ကျင့်ဝတ်ထဲကတစ်ခုပဲ။ဆရာဝန်တွေလိုပေါ့ သည်လူနာကသည်ရောဂါဖြစ်နေတယ်။ သည်နေရာလေးကို ခွဲ ထုတ်လိုက်ရင် သည်ရောဂါလေးပျောက်သွားမယ်လို့ပြောပြပေမယ့် ၊အာမခံနေပေမယ့် လူနာသဘောမတူ ရင် ခွဲထုတ်ပေးလို့မရဘူး။Interior Design လည်း သည်လိုပဲ။တချို့ကိစ္စတွေမှာ အိမ်ရှင်ရဲ့ဆန္ဒကို လိုက်လျောလို့မရတာမျိုးတွေရှိတယ်။ ဥပမာ အများပြည်နဲ့ဆိုင်တဲ့ကိစ္စတွေမှာတော့ ဒီဇိုင်နာက အိမ်ရှင်ကို အပြတ်ပြောရတယ်။အလိုလိုက်လို့မရဘူး။ ခင်ဗျားပြောတဲ့အတိုင်းဆို ခင်ဗျားအိမ်ကတော့လှသွားပါတယ်။ ဒါပေမယ့် မီးခိုးခေါင်းတိုင်ကြီးကို သည်လိုထားလိုက်တော့ ဟိုဘက်လူများနေတဲ့ဘက် သွားညှော်နေတယ် ဆိုရင် ပြဿ     နာရှိတယ်ဆိုတာမျိုး အပြတ်ငြင်းရတယ်။အများနဲ့ဆိုင်တဲ့ကိစ္စတွေမှာတော့ ဒီဇိုင်နာက အများ ပြည်သူကိုပဲဦးစားပေးကြည့်ရမယ်။ အများအကျိုးအတွက် ကိုယ့်ရဲ့အလုပ်ရှင်နဲ့ ညှိလို့မဘူးဆို ရင်တော့ သည်အလုပ်ကို ကျွန်တော်ဆက်မလုပ်နိုင်ဘူးလို့ အပြတ်ငြင်းရုံပဲရှိတယ်။ ဒီဇိုင်နာဟာ ဒီလို ကိစ္စမျိုးမှာတော့အများအကျိုးအတွက်ရဲရင်ဖို့တော့လိုမယ်။(ဓန အတွဲ(၁၄)၊အမှတ်(၇) ဗိသုကာဦးမော်လင်းနှင့် တွေ့  ဆုံခြင်း)မှ ဖော်ပြသည်။  (ဆက်လက်ဖော်ပြပါမည်)