တန်ဆောင်တိုင် မုခ်ဦးဒီဇိုင်း Night Scene လေးပါ။ မုခ်ဦးဒီဇိုင်းကိုပဲ အဓိကထား Visiaulization လုပ်ထားတာပါ။ကျန်တဲ့ အပိုင်းတွေကတော့ အနည်းငယ်ပံ့ပိုးပေးထားသလောက်ပဲဖြည့်ထားပါတယ်။ ထပ်ဖြည့်မယ်ဆိုရင်တော့ အများကြီးထပ်ဖြည့်လို့ရသေးပါတယ်။Propotion နဲ့ Scale ကို အတတ်နိုင်ဆုံး ဖြစ်အောင်လုပ်ထားပါတယ်။ဒီပုံလေးမှာ Human Scale ထည့်ပြလိုက်ရင် မုခ်ဦးရဲ့ Scale ကို ပိုပြီးပေါ်လွင်စေနိုင်ပါတယ်။လမ်းအကျယ် ပေ ၂၀၊Platform ကတော့ ၈ပေအကျယ်ရှိပါတယ်။မြန်မာရိုး ရာပွဲတော်ဖြစ်တဲ့အတွက် ဒီဇိုင်းကို မြန်မာမှုပါတဲ့ ဒီဇိုင်းConcept ကို ဖန်တီးဒီဇိုင်းပြုလုပ်ထားပါတယ်။ဒီဇိုင်း ကို ရိုးရိုးရှင်းရှင်းပဲစဉ်းထားဖန်တီးထားပြီးတော့ Modern Style လေးအဖြစ်ဖန်တီးကြည့်လိုက်တော့ ရိုးရှင်းပေမယ့် မြန်မာ့အငွေ့အသက်လည်းပျောက်မသွားသလို ခမ်းနားမှုလေးကို မြင်တွေ့ရပါတယ်။ သီတင်းကျွတ်ပွဲတော်နဲ့ တန်ဆောင်တိုင်ပွဲတော်တွေမှာ ဆီမီးပူဇော်ခြင်း၊မီးပုံလွှတ်တင်ခြင်းတွေကို ပြုလုပ် ကြတဲ့ဓလေ့ကတော့ မြန်မာတို့ရဲ့ ချစ်စရာရိုးရာဓလေ့ပဲဖြစ်ပါတယ်။
Tuesday, November 17, 2015
Thursday, November 12, 2015
Bridge Between two building to connect
အဆောက်အဦနှစ်ခုကြားကို ပေါင်းကူးဆက်သွယ်ပေးတဲ့ တံတားဒီဇိုင်းလေးဖြစ်ပါတယ်။ တံတားငယ်ပေါ် မှာ လေးညှင်းခံခေတ္တအနားယူလို့ရသလို တစ်ဆောင်နှင့်တစ်ဆောင် ဆက်သွယ်သွားလာလို့ရတာပေါ့။
Thursday, October 29, 2015
ဒီဇိုင်းကပြောသော အကြောင်းအရာများ(၄)
Interior Design နှင့် ဒီဇိုင်နာ၏ကျင့်ဝတ်
တကယ်တော့ ဒီဇိုင်နာရဲ့ကျင့်ဝတ်ဟာ တိုင်းသူပြည်သားတစ်ယောက်အနေနဲ့ပြောရင် နိုင်ငံသား တစ်ယောက် ရဲ့ကျင့်ဝတ်ပါပဲ။လူတစ်ယောက်အနေနဲ့ပြောရင် လူတစ်ယောက်ရဲ့ကျင့်ဝတ်ပဲ။သဘောချင်း သိပ်မကွာဘူး။ကျင့်ဝတ်ဆိုတာ လူတစ်ယောက်အနေနဲ့ဆိုရင် တခြားလူတွေထိခိုက်သွားမယ့်ဟာ မလုပ်သင့်ဘူးဆိုတာမျိုးပါပဲ။ ဒီဇိုင်နာကျတော့ သူ့ဒီဇိုင်းပရော်ဖက်ရှင်နယ်ကနေ စဉ်းစားသွားရတာပေါ့။ ကိုယ့်ဒီဇိုင်းကြောင့် ဘယ်သူ့ကိုမှ မထိခိုက်သွားစေရဘူးဆိုတာမျိုးပေါ့။ထူးထူးခြားခြားကျင့်ဝတ်ကတော့ ကိုယ်တတ်ကျွမ်းထားတဲ့အတတ်ပညာ၊အနုပညာနဲ့အလုပ်ရှင်ကို အစွမ်းကုန်ဝန်ဆောင်မှုပေးရမယ်ပေါ့။ဒါ ဟာ ကိုယ့်တာဝန်ပဲ။တခြားဝန်ဆောင်မှုနဲ့မတူတာကတော့ ကိုယ့်ဒီဇိုင်းနဲ့ သူ့ရဲ့လိုအပ်ချက်ကိုမ လျှော့ရ ဘူး။မချန်မထားရဘူးပေါ့။ပြီးတော့ တခြားပရော်ဖက်ရှင်နယ်ဒီဇိုင်နာကို စော်ကားထိခိုက်တာမျိုးမလုပ်ရ ဘူး။ ဈေးလျှော့ပေးပြီး အလုပ်လုတာမျိုး မလုပ်ရဘူး စသဖြင့်ပေါ့။
Interior Design နှင့် မြန်မာပြည်သူလူထု၏ ကြိုဆိုမှု
ဒီလုပ်ငန်းက ၁၉၉၀ နောက်ပိုင်းမှာ Exposure ရှိလာကြတယ်။ လောလောဆယ်အနေအထားမှာ လည်း သည်ပညာရပ်၊ဘာသာရပ်ကို အသုံးချာတာများတာက ပိုက်ဆံတတ်နိုင်တဲ့ အသိုက်အ၀န်းက Exposure ပိုရှိလာကြတယ်ပေါ့။ ထိတွေတာများလာတော့ ပိုမြင်တတ်လာတယ်။ စဉ်းစားတတ် ခံစားတတ် လာကြတယ်။ဒါကလှတယ်။ဒါကတော့ ခမ်းနားတယ်၊ဒါကတော့ ပိုပြီးတော့ တင့်တယ်တယ် ဆိုတာမျိုးကို Exposure ရှိတဲ့သူတွေက မျာျးများပိုသိလာကြတာပေါ့။အဲဒီအခါ Trend တွေလည်း ပြောင်းလာကြတာပေါ့။
(ဓန အတွဲ(၁၄) အမှတ်(၇) ဗိသုကာဦးမော်လင်းနှင့်တွေ့ဆုံခြင်းမှ ဖော်ပြသည်) ဆက်လက်ဖော်ပြပါမည်။
Wednesday, October 28, 2015
Architectural & Visualization Design Service
Title = Two Storeyed Private House
Client = U Saw Aung Thu
Location = Pathain Township, Ayeyarwady Division
Client = U Saw Aung Thu
Location = Pathain Township, Ayeyarwady Division
Sunday, October 25, 2015
Interior Designer နှင့် ဒီဇီုင်းကပြောသော အကြောင်းအရာများ(3)
ကိုယ့်အိမ်၊ကိုယ့်အခန်းကိုပြင်ချင်တဲ့ အိမ်ရှင်တွေရဲ့အလုပ်ကိုလုပ်ပေးရတဲ့ Interior Designer ရဲ့ကဏ္ဍ
အိမ်တစ်အိမ်၊အခန်းတစ်ခန်းဆိုရင်တော့ များသောအားဖြင့် အိမ်ရှင်ရဲ့အတ္တကိုထုဆစ်ပေးရတာပဲ။ သည်ကိစ္စမှာ Interior Design ဟာ အနုပညာပါတယ်ဆိုပေမယ့် ပန်းချီဆရာနဲ့မတူဘူး။ ပန်းချီဆရာက ကိုယ့်စိတ်ထဲမှာရှိတဲ့ ခံစားမှု၊စိတ်လှုပ်ရှားမှုတွေကို ခွဲဝေနိုင်တဲ့ဟာပေါ့။Interior Design ကတော့ အဲဒီလိုမ ရတော့ဘူး။ ဒီဇုင်နာဟာ အနုပညာတန်ဖိုးတစ်ခုရအောင် ခေါင်းဆောင်ပြီးလုပ်နေရပေမယ့် အလုပ်ရှင်ရဲ့ ခံ စားချက်၊လိုအပ်ချက်ကို ပုံဖော်ပေးရတာပဲ။ဒီဇိုင်နာဟာ သည်ပညာရပ်ကို ကျွမ်းကျင်သူ၊ခေါင်းဆောင်နေရသူ အနေနဲ့ သည် ဒီဇိုင်းက ဒီလိုဆိုကောင်းမယ်၊ သည်အရောင်နဲ့ သည်အရောင်လေးတွဲသုံးမယ်ဆိုပြီး အလုပ် ရှင်ကိုစည်းရုံးနေရတာပဲ။ဒါပေမယ့် ရချင်မှလည်းရမှာ။ဒါပေမယ့် အလုပ်ရှင်က ဒီဇိုင်နာပြောတဲ့အတိုင်းမ ဟုတ်ဘူး။ ဒါပဲဆိုလည်း ဇွတ်လုပ်လို့ငြင်းလို့မရဘူး။ဇွတ်လုပ်လို့မရဘူး။ဒါကလည်း ဒီဇိုင်နာတစ်ယောက်ရဲ့ ကျင့်ဝတ်ထဲကတစ်ခုပဲ။ဆရာဝန်တွေလိုပေါ့ သည်လူနာကသည်ရောဂါဖြစ်နေတယ်။ သည်နေရာလေးကို ခွဲ ထုတ်လိုက်ရင် သည်ရောဂါလေးပျောက်သွားမယ်လို့ပြောပြပေမယ့် ၊အာမခံနေပေမယ့် လူနာသဘောမတူ ရင် ခွဲထုတ်ပေးလို့မရဘူး။Interior Design လည်း သည်လိုပဲ။တချို့ကိစ္စတွေမှာ အိမ်ရှင်ရဲ့ဆန္ဒကို လိုက်လျောလို့မရတာမျိုးတွေရှိတယ်။ ဥပမာ အများပြည်နဲ့ဆိုင်တဲ့ကိစ္စတွေမှာတော့ ဒီဇိုင်နာက အိမ်ရှင်ကို အပြတ်ပြောရတယ်။အလိုလိုက်လို့မရဘူး။ ခင်ဗျားပြောတဲ့အတိုင်းဆို ခင်ဗျားအိမ်ကတော့လှသွားပါတယ်။ ဒါပေမယ့် မီးခိုးခေါင်းတိုင်ကြီးကို သည်လိုထားလိုက်တော့ ဟိုဘက်လူများနေတဲ့ဘက် သွားညှော်နေတယ် ဆိုရင် ပြဿ နာရှိတယ်ဆိုတာမျိုး အပြတ်ငြင်းရတယ်။အများနဲ့ဆိုင်တဲ့ကိစ္စတွေမှာတော့ ဒီဇိုင်နာက အများ ပြည်သူကိုပဲဦးစားပေးကြည့်ရမယ်။ အများအကျိုးအတွက် ကိုယ့်ရဲ့အလုပ်ရှင်နဲ့ ညှိလို့မဘူးဆို ရင်တော့ သည်အလုပ်ကို ကျွန်တော်ဆက်မလုပ်နိုင်ဘူးလို့ အပြတ်ငြင်းရုံပဲရှိတယ်။ ဒီဇိုင်နာဟာ ဒီလို ကိစ္စမျိုးမှာတော့အများအကျိုးအတွက်ရဲရင်ဖို့တော့လိုမယ်။(ဓန အတွဲ(၁၄)၊အမှတ်(၇) ဗိသုကာဦးမော်လင်းနှင့် တွေ့ ဆုံခြင်း)မှ ဖော်ပြသည်။ (ဆက်လက်ဖော်ပြပါမည်)
Saturday, October 24, 2015
Friday, October 23, 2015
Interior Designer နှင့် ဒီဇိုင်းကပြောသော အကြောင်းအရာများ(၂)
Interior Designနှင့် စည်းကမ်းကန့်သတ်ချက်များ၊ဆောင်ရန်ရှောင်ရန်များ
Inderior Designမှာ စည်းကမ်းနဲ့ကန့်နဲ့သတ်ချက်တွေရှိတယ်။ဒီဇိုင်နာရဲ့သဘောထား (Concept) ပေါ့။ Interior Decoration မှာ ဒီဇိုင်နာကို အလုပ်အပ်တယ်။ဒါပေမယ့် ဒီဇိုင်နာဟာ အလုပ်ရှင် အတွက် အလုပ်လုပ်ပေးရုံနဲ့ပြီးလားဆိုတော့ မပြီးဘူး။ဥပမာ ကုမ္ပဏီတစ်ခုက ဆေးရုံတစ်ရုံဖွင့်ချင်တယ်ဆို ပါစို့ အသစ်ဆောက်တာပဲဖြစ်စေ ရှိပြီးသားအဆောက်အအုံဟောင်းကြီးကို ဆေးရုံအဖြစ်ပြန်ပြင်တာဖြစ်စေ ကုမ္ပဏီက ဒီဇိုင်နာကိုအလုပ်အပ်မယ်။ ဒီဇိုင်နာက အလုပ်ရှင်ရဲ့လိုအပ်ချက်ကိုစဉ်းစားပေးရတာအပြင်၊ ဒီ Interior Design လုပ်ထားတဲ့အဆောက်အအုံကို အသုံးပြုမယ့် လူနာတွေ၊ဧည့်သည်တွေ၊၀န်ထမ်းတွေ အတွက်လည်း ထည့်စဉ်းစားပေးရမယ်။Shopping Mall ကြီးတစ်ခုလုံးကို Interior Design လုပ်တယ်ဆို ရင်လည်း အလုပ်အပ်တဲ့အလုပ်ရှင်ရဲ့လိုအပ်ချက်အပြင် ဒီနေရာကို အသုံးချမယ့် ဈေးရာင်းသူတွေ၊ဈေးဝယ် သူတွေရှိတယ်။ဒါ့အပြင် သူ့ Community ရှိတယ်။ကိုယ့် Society,Community မှာရှိတဲ့ လူတွေအားလုံး ရဲ့အမြင်မှာတင့်တယ်နေဖို့လိုတယ်။ ဖြတ်သွားလို့ ဒီအဆောက်အုံကိုကြည့်ပြီး စိတ်ညစ်နေလို့မဖြစ် ဘူး။ နောက်ပြီး International Airport ကြီးတစ်ခုဆိုပါတော့ ဒါကြီးကို Design လုပ်ပေးဖို့ အလုပ်အပ်တဲ့ သူကတော့ အစိုးရကဖြစ်ချင်ဖြစ်မယ်၊ ကုမ္ပဏီကဖြစ်ချင်ဖြစ်မယ် ။ အဲဒီအဆောက်အအုံကို အသုံးချတဲ့ သူ တွေက ခရီးသွားပြည်သူတွေ၊နိုင်ငံခြားခရီးသွားတွေနဲ့ လေယာဉ်နဲ့ပတ်သက်တဲ့ဝန်ထမ်းတွေပေါ့။ ဒီလို နိုင်ငံတကာလေဆိပ်ဟာ နိုင်ငံတော် Scale ဖြစ်နေတဲ့အတွက် ၀င်လာတဲ့သူတွေဟာ ဒီလေဆိပ်ကြီးထဲ မှာ လုပ်ထားတဲ့ Interior Design ကိုကြည့်ပြီး နိုင်ငံရဲ့အဆင့်အတန်းကို အကဲခတ်နိုင်ပြီ။ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုအဆင့်အတန်းက ဘယ်လောက်လဲဆိုတာ သိနိုင်ပြီ။ဒီတော့ ဒီလို International Scale အဆောက်အအုံတွေ၊အများပြည်သူနဲ့ဆိုင်တဲ့အဆောက်အအုံတွေမှာ ဒီဇိုင်နာဟာ ငါစိတ်ကြိုက်လုပ်မယ်ဆို လို့တော့မရတော့ဘူး။ လူထုကိုထည့်မစဉ်းစားလို့မရတော့ဘူး။
ဒါက ယဉ်ကျေးမှုအဆင့်အတန်းအရပြောတာ။Funtional Value အရပြောကြမယ်ဆိုပါတော့ ခုဏကလို ရှော့ပင်းမောလို့၊ဆေးရုံလိုဟာမျိုးကြီးတွေမှာ နေ့စဉ်ထွက်တဲ့အမှိုက်တွေ၊အညစ်အကြေးတွေကို ဘယ်မှာစွန့်မလဲ၊ဘယ်မှာထည့်မလဲဆိုတာကို စဉ်စားရတော့မယ်။ Solid အမှိုက်တွေကထားပါတော့ အမှိုက်ကားတွေနဲ့သယ်ထုတ်သွားနိုင်တယ်။အညစ်အကြေးအရည်တွေကျတော့ ဘယ်ကိုသွားသလဲ။Public Drain ထဲကိုသွားတယ်ဆိုရင်တော့ အဲဒီပတ်ဝန်းကျင်ကို ထည့်မစဉ်းစားလို့မရတော့ဘူး။ဒီလိုအဆောက်အ အုံမျိုးကြီးတွေမှာ ဂက်စ်အိုးတွေသုံးမယ်။ဒီအိုးတွေက မီးလောင်နိုင်သလား။ရုတ်တရက် တစ်ခုခုဖြစ်လာရင် ဒီ Community ကို ဘယ်လိုထိခိုက်မလဲ။ကိုယ့်အဆောက်အအုံကြီးကို Air Con;တွေနဲ့ပိတ်ထားတာပဲ။ဒါပေ မယ့် ဒီကထွက်မယ့် မီးခိုတွေ၊ညှော်နံ့တွေ ပတ်ဝန်းကျင်ကို ဘယ်လောက်ထိခိုက်မလဲဆိုတဲ့ Public awareness ဆိုတာ၊ Enviromental awareness ဆိုတာရှိလာပြီဖြစ်တဲ့အတွက် ဆောင်ရန်ရှောင်ဆိုတာ အလိုလိုရှိလာတာပဲ။ဒီတော့ ဒီဇိုင်နာဟာ ကိုယ်ဖန်တီးတဲ့ဒီဇိုင်း၊ကိုယ်လုပ်တဲ့အလုပ်အပေါ် အလုပ်ရှင်ကျေ နပ်နေရုံနဲ့မလုံလောက်သေးဘူး။ဒီအဆောက်အအုံကိုသုံးမယ် လူထုကျေနပ်တယ်ဆိုရင်လည်း မလုံ လောက်သေးဘူး။ကိုယ့် Community၊ ကိုယ့် Society၊ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူလူထုကျေ နပ်အောင် ထည့်စဉ်းစားပေးရမယ်။ဒီဆောင်ရန် ရှောင်ရန်တွေကို သတိထားပြီးကြိုးစားဖန်တီးတဲ့ဒီဇိုင်းဖြစ် မှသာ လျှင် ပတ်ဝန်းကျင်အတွက်ရော၊အလုပ်ရှင်အတွက်ရော ကိုယ့်အတွက်ပါ ကောင်းမွန်မှာဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
Interior Designer နှင့် ဒီဇိုင်းကပြောသောအကြောင်းအရာများ(၁)
Interior Designer တစ်ယောက်ရဲ့ အန္တိမရည်မှန်းချက်ကတော့စိတ်ကျေနပ်မှုလေးတစ်ခု၊ အရ သာလေး တစ်ခုရသွားဖို့ပဲ။သီချင်းတစ်ပုဒ်နားထောင်ရသလို၊ရုပ်ရှင်ကားတစ်ကား ကြည့်ရသလို၊ ကဗျာတစ် ပုဒ်ဖတ်ရသလို တစ်ခုခုခံစားမှုရသလေးရသွားစေတာပါပဲ။တစ်ခုခုဆိုတဲ့နေရာမှာ လှနေတာချည်းပဲမဟုတ် ဘူး။အလွန်စိတ်ညစ်ညူးစရာ ဆင်းရဲမွဲနေတနေတဲ့ လူတွေအကြောင်းရေးထားတဲ့စာပဲဖြစ်ဖြစ် ၊သိပ်အရုပ်ဆိုး အကျည်းတန်တဲ့ မြင်ကွင်းတစ်ခုခုကို ရေးဆွဲထားတဲ့ ပန်းချီကားပဲဖြစ်ဖြစ် အဲသည်မလှပတဲ့အရာတွေကို ပဲ ကောင်းလိုက်တာလို့ ကျေကျေနပ်နပ်ခံစားသွားရစေတာမျိုးပေါ့။ဒါဟာအနုပညာပစ္စည်းတွေရဲ့ နောက်ဆုံး ရည်မှန်းချက်ပါပဲ။Interior Design မှာဖြစ်စေ၊Architecture မှာဖြစ်စေ အဲသည်လိုမျိုးပါပဲ။အမြဲတမ်းလှနေ တာမျိုးမဟုတ်ဘူး။တစ်ါတစ်လေ နုနုလွင်လွင်လေးဖြစ်ချင်ဖြစ်မယ်၊တစ်ခါတစ်လေ ခပ်ကြမ်းကြမ်း၊ခပ်မာမာ
ဖြစ်ချင်ဖြစ်မယ်။အသုံးပြုမယ့်ရည်ရွယ်ချက်နဲ့လဲဆိုင်တယ်။တစ်ခါတစ်လေ ခမ်းနားသွားတာဖြစ်ချင်ဖြစ်မယ်။ ဥပမာ လွှတ်တော်အဆောက်အအုံကြီးထဲဝင်သွားရင် ခံစားရသလို တိုင်းပြည်ရဲ့ကြီးကျယ်ခမ်းနားမှု၊ပြည်သူ လူထုရဲ့ အခန်းကဏ္ဍ စတာတွေမြင်လာမယ်။ခံစားမှုတစ်ခုရသွားမယ်ဆိုရင် အဲဒီဒီဇိုင်းဟာ အောင်မြင်တာ ပဲ။ (ဓန အတွဲ(၇)-အမှတ်(၁၄) ဗိသုကာဦးမော်လင်းနှင့် တွေ့ဆုံချင်းမှ ) , All Photo Source From Internet ဆက်လက်ဖော်ပြပါမည်........
Subscribe to:
Posts (Atom)







































