Monday, March 31, 2014

အခန်းတွင်းအလှဆင်

3DMax Software နဲ့ အခန်းတွင်းဒီဇိုင်းဆွဲတဲ့အခါ  စဉ်းစားရမဲ့အချက်က အခန်းတွင်းထားရှိရမယ့် ပရိဘောဂတွေ၊ မီးအလင်းအမှောင်၊ အခန်းအကျယ်တွေကို ထည့်စဉ်းစားရပါမယ်။ အခုတင်ထား တဲ့ပုံလေးတွေနဲ့ပတ်သက်လို့ အားနည်းချက်လေးတွေရှိမှာပါ။တစ်ယောက်နဲ့တစ်ယောက် စဉ်းစားပုံ၊စိတ်ကူး မတူတဲ့ အခြေအနေလေးတွေမှာ  အားနည်းချက် အားသာချက်တွေရှိနေမှာပါ။ Professional တွေအတွက် ရည်ရွယ်တာမဟုတ်ပေမယ့် 3DMax ကို လေ့လာနေတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေအတွက် ရည်ရွယ်ပြီးတင်ထားတာပါ။ Auto CAD ကို တတ်ပြီးသားသူတွေအတွက် ဒီ Software က လေ့လာသင့်တဲ့ တတ်ထားသင့်တဲ့ Software ဖြစ်ပါတယ်။ Architecture Visualization ကို စိတ်ဝင်စားတဲ့သူတွေ၊ အင်ဂျင်နီယာ၊Architect တွေ မတတ်မဖြစ် တတ်ထားရမယ့် Software ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Tutorial Vedio လေးတွေ တင်သွားပေးမှာပါ။ စတင်လေ့လာမယ့်သူ(Beginner)တွေ၊ လေ့လာနေဆဲ (Advance)သူတွေအတွက် ရည်ရွယ်ပြီး ကြိုးစားသွားမှာပါ။ကျွန်တောသိထားသလောက် တတ်ထား သလောက် လက်ဆင့်ကမ်းသွားမှာပါ။အားနည်းချက်တွေကိုလည်း ဝေဖန်အကြံပေးနိုင်ပါတယ်။ ကျေးဇူး တင်ပါတယ်။




No comments:

Post a Comment